海外各国からGCへ留学中の学生が、日本での学びをレポート。
日本で出合った新鮮な体験を生き生きと伝えます。
2021.12.22
「KOTOWA 京都八坂へ」
11月5日、京都にあるKOTOWA 京都八坂に訪れた。メインドアまで歩いていく道はすごくきれいなデザインであり、京都の小道のイメージをしていると伺った。入って、すぐラウンジがある。ラウンジはゲストの皆様の待合室として利用され、広くて、上品な雰囲気がある。一階のラウンジからもKOTOWAの魅力を滝で感じることができた。滝は地下2階から地上2階までつながっているとのことだった。
続いて、披露宴会場を案内していただいた。披露宴会場は2階と3階にある。2階の披露宴会場名は「絢音」で糸をテーマにしている。装飾に糸を使っているのがKOTOWAだけの特徴だとおっしゃった。「絢音」に入ると正面がラウンジとチャペルから見た滝の一番上になっている。会場の一面には縦の糸が、天井には横の糸が飾られているのが綺麗に見える。もう一面にはゴールドで高級感がある。一番奥のテラスでは写真撮影もできる。滝の一番上とその背景にある八坂神社や円山公園のグリーンに、京都らしさを感じる。そして、テラスからのサプライズ入場もできる。経糸で飾られた壁一面に投影された映像を流し、その途中で新郎新婦さんが入場する演出も個人的にすごく素敵だと思った。KOTOWAの会場の中で一番好きな会場は「絢音」だった。
また、3階にある会場「はるか」へ案内していただいた。最上階の披露宴会場の特徴は、緑が多くて、一面は緑になっていることだ。テラスはさらに広くて、そちらでパーティー、デザートビュッフェ、バブルシャワーやバルーンを飛ばすことなどもできると説明していただいた。この会場では、天井の一面に映像を映して、新郎新婦さんだけの画像ではなく、ゲストの方も登場するので、自然に盛り上がるとおっしゃった。自分も、自分の顔が天井に出てくるのを想像してみた。ゲストの方にもすごく喜ばれると思う。
以上は私が今度見学してみたKOTOWA京都八坂のチャペルと披露宴会場の事だった。新郎新婦さんはもちろん、見学目的の私たちでも、KOTOWAのすごさを肌で感じた。スタッフたちの暖かいサービスなどで、すぐに結婚したくなると言っても過言ではない。
「KOTOWA ကျိုတို ယာစကသို့ အလည်တစ်ခေါက်」
၁၁လပိုင်း၅ရက်နေ့ကျိုတိုမှာရှိတဲ့KOTOWAကျိုတိုယာစကကိုသွားရောက်လေ့လာခဲ့ပါတယ်။
အဓိကဝင်ပေါက်ကြီးဆီကိုသွားတဲ့လျှောက်လမ်းလေးက ကျိုတိုမှာတွေ့ရလေ့ရှိတဲ့ လမ်းသွယ်လေးလိုပါပဲ။ တံခါးကနေဝင်ဝင်ချင်း ဧည့်သည်များနားနေရာအခန်းအကျယ်ကြီးကို တွေ့ရမှာဖြစ်ပြီး အဆင့်အတန်းမြင့်မားတဲ့ အငွေ့အသက်ကို ခံစားရစေမှာပါ။ ပထမထပ်(မြေညီထပ်)ကနေ KOTOWAရဲ့အဓိကဆွဲဆောင်မှုဖြစ်တဲ့ ရေတံခွန်နောက်ခံကိုလဲ မြင်တွေ့ခံစားနိုင်ပါတယ်။ ရေတံခွန်ကတော့ မြေအောက်၂လွှာကနေ ဒုတိယထပ်အထိ တစ်ဆက်ထဲဖြစ်တယ်လို့ ရှင်းပြတာကိုလဲနားထောင်ခဲ့ရပါတယ်။
KOTOWA
ラウンジ
အဲ့ဒီနောက်ဘုရားကျောင်းဝန်း(Chapel)ကိုလိုက်လံပြသပေးခဲ့ပါတယ်။KOTOWAရဲ့ဘုရားကျောင်း ( Chapel)ကို စိတ်ဝင်စားတဲ့ သတို့သမီးနဲ့ သတို့သား အများအပြား ရှိပုံရပါတယ်။ ဘုရားကျောင်းကမြေအောက်ထပ်၂လွှာမှာ ရှိပေမယ့် အလင်းရောင် အရမ်းတောက်ပတယ်လို့ ခံစားရပါတယ်။ သန့်ရှင်းစင်ကြယ်မှုကို ခံစားရနိုင်တဲ့ အဖြူရောင်ဘုရားကျောင်း(Chapel)က မျက်နှာကျက်အမြင့် 7 မီတာရှိပြီး လူ အယောက်80 အထိဆန့်ပါတယ်။မြေအောက်၂လွှာမှာ ဒီလောက်များတဲ့ လူအရေအတွက်ထိဆန့်ပေမယ့် မျက်နှာကျက်ကလဲမြင့်ပြီး အလင်းဝင်အား ကောင်းတဲ့အတွက် မွန်းကျပ်တဲ့ ခံစားချက်မျိုး ရတယ်လို့ မထင်ရပါဘူး။ ကျိုတိုကအဆောက်အဦးရဲ့ အမြင့်နှင့် ပတ်သက်ပြီး တင်းကျပ်တာမို့လို့ ကျိုတိုရဲ့အခမ်းအနားခန်းမတွေထဲမှာ ဒီလောက်ထိ ကြီးမားတဲ့ဘုရားကျောင်း မရှိဘူးလို့လဲ ပြောပြပေးခဲ့ပါတယ်။
チャペルに入る前
チャペル
အဲ့ဒီနောက်မှာ မင်္ဂလာခန်းမပတ်လည်ကို လိုက်လံပြသပေးခဲ့ပါတယ်။မင်္ဂလာခန်းမက ဒုတိယထပ်နဲ့ တတိယထပ်မှာ ရှိပါတယ်။ဒုတိယထပ်မှာရှိတဲ့ မင်္ဂလာခန်းမရဲ့ အမည်က “Ayane” ဖြစ်ပြီး အပြင်အဆင်မှာ ချည်မျှင်တွေနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ အလှဆင်ဖို့အတွက် ချည်မျှင်များကို အသုံးပြုထားခြင်းက KOTOWA ၏ ထူးခြားချက်လို့ ဆိုပါတယ်။ “Ayane” ထဲကို ဝင်တဲ့အခါ ပထမထပ်ရဲ့ဧည့်ခန်းနဲ့ မြေအောက်၂လွှာကဘုရားကျောင်း(Chapel)ကနေ မြင်ရတဲ့ ရေတံခွန်ရဲ့ ထိပ်ဆုံးပိုင်းကိုတွေ့နိုင်ပါတယ်။ ခန်းမ၏တစ်ဖက်ခြမ်းကို ဒေါင်လိုက်ချည်မျှင်များဖြင့် အလှဆင်ထားပြီး မျက်နှာကျက်ကို အလျားလိုက်ချည်များဖြင့် အလှဆင်ထားတာကအရမ်းကိုလှပလွန်းပါတယ်။ တစ်ဖက်ကနံရံကတော့ ရွှေရောင်တောက်ပနေပြီး အဆင့်အတန်းမြင့်မားမှုကို ခံစားရစေပါတယ်။ခန်းမရဲ့အဆုံးမှာ ဝရံတာ နေရာကျယ်ရှိပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာဖြစ်ပါတယ်။ ရေတံခွန်ထိပ်နှင့် အနောက်ဖက်မှာ ယာစက ဘုရားကျောင်းရှိတဲ့ မာရုယာမပန်းခြံရဲ့စိမ်းလန်းစိုပြေနေတဲ့ ကျိုတိုရဲ့အလှကို ခံစားနိုင်ပါတယ်။ သတို့သားသတို့သမီးက ဝရံတာကနေပွဲထွက်ပြီး ဧည့်သည်တွေအံ့အားသင့်သွားအောင်လဲ လုပ်နိုင်ပါတယ်။ ချည်မျှင်တွေနဲ့ အလှဆင်ထားတဲ့ နံရံတစ်ခြမ်းလုံးကို သတို့သမီးနှင့် သတို့သားရဲ့ ဗွီဒီယိုကို ပြသပြီး တစ်ဝက်လောက်မှာ သတို့သမီးနဲ့သတို့သား က အဲ့နံရံဘက်အခြမ်းကနေ ခန်းမထဲဝင်လာတဲ့ပုံစံကတော့ အံ့ဩဖို့အကောင်းဆုံးလို့ ထင်မိပါတယ်။KOTOWA မှာ အကြိုက်ဆုံးနေရာဆိုရင် “Ayane” လို့ပြောရမှာပါ။
絢音
絢音
အဲ့ဒီနောက် တတိယထပ်မှာရှိ တဲ့”Haruka” ခန်းမဆီကို လိုက်လံပြသပေးခဲ့ပါတယ်။ တတိယထပ်က ဧည့်ခံပွဲကျင်းပမည့်နေရာရဲ့ထူးခြားချက်ကတော့ဝင်ပေါက် မျက်နှာချင်းဆိုင်တစ်ဖက်လုံးကစိမ်းလန်း စိုပြေနေခြင်းဖြစ်ပါတယ်။ ပါတီပွဲများ၊ အချိုပွဲဘူဖေးများ၊ ပူဖောင်းရေပန်းများနှင့် မီးပုံးပျံများ ပြုလုပ်နိုင်သည့် ဝရံတာရှိပြီး ဒုတိယထပ်ထက် ပိုကျယ်တယ်လို့ သိရပါတယ်။ဒီခန်းမမှာကတော့ ဗွီဒီယိုကို မျက်နှာကျက်၏ တစ်ခြမ်းလုံးမှာ ပြသထားပြီး သတို့သမီးနှင့် သတို့သား၏ ပုံရိပ်သာမက ဧည့်သည်များရဲ့ပုံရိပ်ပါပေါ်လာနိုင်တဲ့အတွက်စိတ်လှုပ်ရှားဖို့ကောင်းမှာအမှန်ပါပဲ။ဧည့်သည်တွေ အရမ်းသဘောကျမယ်လို့ ထင်ပါတယ်။
はるか
ဒီအထိကတော့KOTOWAကျိုတိုယာစကရဲ့ဘုရားကျောင်း(Chapel)ရဲ့မင်္ဂလာဧည့်ခန်းမရဲ့ အကြောင်းလေးပါ။ သတို့သားသတို့သမီးတင်မဟုတ်ဘဲ လေ့လာရေးလာတဲ့သူတွေပါ KOTOWAရဲ့ ထူးခြားလှပမှု၊ဝန်ထမ်းတွေရဲ့ နွေးထွေးပျူငှါမှုတွေကြောင့်ချက်ချင်း မင်္ဂလာဆောင်ချင်စိတ် ပေါက်လာနိုင်တယ်လို့ပြောရင်တောင်မလွန်ပါဘူး။
グローバル・コミュニケーション学部 日本語コース 2回生
SHWE WAR PWINT
SHWE WAR PWINT
Second Year